Have a question? Feel free to contact.  +95 1 9010450
 

Outbound Tour > VIETNAM
   Tour Code : TM-VN04
    
Destination : Vietnam-Hanoi-Halong Bay
     Duration : 4D/3N
 

Day 1; Hanoi Arrival

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Travel More T&T မှ Tour Leader နှင့် ညနေ ၅နာရီတွင် တွေ့ဆုံပြီး၊ လေကြောင်းလိုင်းတွင် Check In ၀င်ပါမည်။ ထို့နောက်ဗီယက်နမ်လေကြောင်းလိုင်း VN956 ဖြင့် ညနေ ၇နာရီ၁၀မိနစ် တွင်စတင်ထွက်ခွာပြီး၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ နွိုင်းဘေးလေဆိပ်သို့ ည ၉နာရီ ၃၀မိနစ် တွင် ဆိုက်ရောက်ပါမည်။ လေဆိပ်တွင် ဒေသခံဧည့်လမ်းညွှန်နှင့်တွေ့ဆုံပြီး 3 Star Hotel တွင် Check In ၀င်ကာ အေးချမ်းစွာအိပ်စက်အနားယူပါမည်။

 

Day 2; Hanoi - Halong Bay (B/L/D)



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် UNESCO အသိအမှတ်ပြုထားသော သာယာလှပသည့် Halong Bay သို့ ကားဖြင့် စတင်ထွက်ခွာပါမည် (ကားမောင်းချိန် ၄နာရီခန့် ကြာမြင့်ပါမည်)။ လမ်းခရီးတလျှောက် သာယာလှပသောသဘာဝရှူ့မျှော်ခင်းများကိုတွေ့မြင်ကြရပြီး၊ ကျွန်းဆွယ်ပေါင်း ၂၀၀၀ ကျော်ဖြင့် လှပသော Halong Bay သို့ရောက်ရှိပါမည်။ သဘောင်္ဖြင့် Halong Bay တလျောက် လှည့်လည်ကြည့်ရှူ့ပြီး၊ သဘောင်္ပေါ်တွင် ပင်လည်စာဖြင့် နေ့လည်စာသုံးဆောင်ပါမည်။ နာမည်ကျော် Stone Dog Islet, Fighting Coke Islet နှင့် Inence Burning Islet များ၏ အလှအပများကိုလည်း တွေ့မြင်ခံစားရပါမည်။ ထို့နောက် သဘာဝ ထုံးကျောက်လှိုဏ်ဂူဖြစ်သော Thien Cung Grotto ဂူ၏ အတွင်းပိုင်းရှိ ကျောက်စက် ပန်းဆွဲများကို သွားရောက်လေ့လာပါမည်။ ထို့နောက်လှေဆိပ်သို့ပြန်လည်ကမ်းကပ်ပြီး ညစာသွားရောက်သုံးဆောင်ပါမည်။ Halong ရှိ 3 Star Hotel တွင် တစ်ညတာ အေးချမ်းစွာ အိပ်စက် အနားယူပါမည်။

 

Day 3; Halong - Hanoi City Tour (B/L/D)



ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် ဟိုတယ်မှ Check Out လုပ်ကာ Hanio သို့ ပြန်လည်ထွက်ခွာ ပါမည်။ နေ့လည်စာကို ဒေသအစားအစာဖြင့် သုံးဆောင်ပြီး၊ ဗီယက်နမ်နိုင်ငံ၏ ၅၄မျိုးသော မျိုးနွယ်စုများနှင့် ၄င်းတို့၏ ထင်ရှားသော ရိုးရာလက်မှုပညာများကို ပြသထားသော Museum of Ethnology သို့ သွားရောက် ကြည့်ရှူ့လေ့လာပါမည်။ ထို့နေက် Hoan Kiem Lakeတွင် အမှတ်တယဓာတ်ပုံများရိုက်ပါမည်။ နာမည်ကျော် Traditional 36 Ancient Street တွင် ပျော်ရွှင်စွာ ဈေးဝယ်ထွက်ပါမည်။ ညစာသုံးဆောင်ပြီးနောက် ဗီယက်နမ်နိုင်ငံ၏ နာမည်ကျော် Water Puppet Show ကို ကြည့်ရှူ့ပြီး Hotel တွင် အိပ်စက်အနားယူ ပါမည်။

 

Day 4; Hanoi - Yangon (B/L)



ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Check Outထွက်ပါမည်။ ဗီယက်နမ်နိုင်ငံ၏ ပထမဆုံးတက္ကသိုလ် ဖြစ်သော Temple of Literature၊ ဗီယက်နမ်နိုင်ငံ၏ခေါင်းဆောင်ကြီး Ho Chi Minh မှ လွတ်လပ်ရေး ကြေညာပေးခဲ့သော သမိုင်းဝင်နေရာတစ်ခုဖြစ်သော Ba Dinh Square၊Ho Chi Minh ရုပ်တု၊ ဗီယက်နမ် တော်လှန်ရေးသမိုင်းဖြစ်စဉ်များ နှင့် Ho Chi Minh ၏ စွမ်းဆောင်မှုများကို စိတ်ဝင်စားဖွယ် တခမ်းတနား ပြသထားသော Ho Chi Minh Museum and Mausoleum နေရာများသို့ သွားရောက်လေ့လာပါမည်။ ထို့နောက် ရှေးဟောင်းဘုရားတစ်ဆူ ဖြစ်သောOne Pillar Pagoda ၊ ဟနွိုင်းမြို့၏အကြီးဆုံးWest Lake နှင့် Tran Quoc Pagoda တို့ကိုသွားရောက်လေ့လာပါမည်။ နေ့လည်စာ Buffet သုံးဆောင်ပြီးနောက် နွိုင်းဘေး လေဆိပ်သို့ ပြန်လည်ထွက်ခွာပါမည်။ ညနေ ၄နာရီ၅၀မိနစ် တွင်လေဆိပ်မှ စတင်ထွက်ခွာပြီး၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၆နာရီ၁၀မိနစ် တွင် အေးချမ်းစွာ ပြန်လည်ရောက်ရှိပါမည်။

 

ခရီးစဉ်တွင် ပါဝင်သော အရာများ

- အပြည်ပြည်ဆိုင်ရာလေယာဉ်လက်မှတ် (ရန်ကုန်-ဟနွိုင်း-ရန်ကုန်)
- ခရီးစဉ်တလျှောက်လည်ပတ်မှု နှင့် လေဆိပ် အကြို/အပို့ Air-con Bus
- ခရီးစဉ်တွင် ပါဝင်သော နံနက်စာ၊ နေ့လည်စာ နှင့် ညစာများ
- ခရီးစဉ်တွင် ပါဝင်သော နေရာများ၏ ၀င်ကြေးများ
- 3star အဆင့်ရှိဟိုတယ်များတွင် ၃ညတာ တည်းခိုစရိတ်များ (၂ယောက်ခန်း/၃ယောက်ခန်း)
- Local Guide နှင့် Tour Leader ၀န်ဆောင်မှုများ
- Halong Bay တလျှောက် သဘောင်္စီးနင်းခြင်းများ
- Driver နှင့် Guide အတွက် Tips Money များ
- နေ့စဉ် သောက်ရေသန့် ၂ ဗူး

 

ခရီးစဉ်တွင် မပါဝင်သော အရာများ

- ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ
- စားသောက်ဆိုင်နှင့်ဟိုတယ်များတွင် အပိုမှာယူသုံးဆောင်သောအအေး၊ ရေသန့် နှင့် အဖျော်ယမကာများ
- ဟိုတယ်တွင် မပါဝင်သော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခ၊ Mini Barအသုံးပြုခ၊ အခပေး TV Channel နှင့် အင်တာနက် သုံးစွဲမှု - လေယဉ်တွင် အပိုသယ်ဆောင်သော ၀န်ပိုခများ နှင့် ကိုယ်ပိုင်အသုံးစရိတ်များ

                                                                                                                                                                                      
Book This Tour  >>

  Hotels in Myanmar
  Yangon
  Mandalay
  Bagan
  Inle
  Beach
 
     Golden Land Myanmar

Golden Land Myanmar

 
 

        Contact Us

  Address: No. (74/76), 2nd Floor,
               Anawrahta Road, Between
               54th & 55th Street,
               Pazuntaung Township,

            Yangon, Myanmar.
  Tel:        +95 1 9010450
Mobile:   +95 9 43332296
  Email:     info@travelmore-mm.com,  
              travelmore.mm@gmail.com
  Website: www.travelmore-mm.com 
 
     Like Us on Facebook
 

Connecting to Facebook
 
  2013 by Travel More. Developed by
NEW TECH.
Our Statistic :