Have a question? Feel free to contact.  +95 1 9010450
 

Outbound Tour > Korea
   Tour Code : TM-KOR09
     Destination : YANGON - KOREA - YANGON
     Duration : 8D/9N
 

KoreaDay (1) Yangon - Seoul (ညလယ်စာ - လေယာဉ်ပေါ်)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားလေယာဉ်ဖြင့် ည ၂၃:၃၅ နာရီတွင်စတင်ထွက်ခွာပြီး ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ နံနက် ၀၈:၀၅ တွင် ရောက်ရှိပါမည်။ လေဆိပ်တွင် ဒေသခံ ဧည့်လမ်းညွှန်မှလာရောက် ကြိုဆို ပါမည်။



 

KoreaDay (2) Seoul (B/L/D)

ရှေးဦးစွာ နံနက်စာအဖြစ် Japanese Noodle Udong ကိုသုံးဆောင်ပါမည်။ထို့နောက် Skin Anniversary တွင် Basic Skin Treatment များအား ၀င်ရောက်လေ့လာပြီး ကမ္ဘာ့အသေးဆုံးဝက်ဝံရုပ်များ တွေ့မြင်နိုင်ရာ Teddy Bear Museum၊ Trick Eye Museum များသို့ သွားရောက်ကြည့်ရှူ့ပါမည်။ နေ့လည်စာကို Bibimbap Buffet ဖြင့် သုံးဆောင်ပြီး ကိုရီးယားသမ္မတ စံအိမ်တော် Blue House ကို ဖြတ်သန်းကြည့်ရှူ့ခြင်း၊ ရှေးဟောင်း နန်းတော်ငါးခုတွင် အကြီးဆုံးဖြစ်သော Gyeongbok Palace နှင့် National Folk Museum များသို့သွားရောက်လေ့လာပါမည်။ လှပဆန်းကြယ်စွာဖြင့် မြို့လယ်တွင် တည်ဆောက် ထားသော Cheonggycheon Stream သို့ သွားရောက်ပြီး ညစာကို အရသာရှိသော Ginseng Chicken ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် The Best Western Niagara Hotel or similar 4star ဟိုတယ်တွင် check in ၀င်ကာအေးချမ်းစွာ အိပ်စက် အနားယူပါမည်။

KoreaDay (3) Seoul - Jeju (လေယာဉ်ဖြင့်) (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီးနောက် Gimpo Domestic Airport မှ ပြည်တွင်းလေကြောင်းလိုင်းဖြင့် Jejuကျွန်းသို့ပျံသန်း ပါမည်။ Jejuကျွန်းတွင် နေ့လည်စာကို Grilled fish set ဖြင့်သုံးဆောင်ပါမည်။ ထို့နောက် Seaweed Museum၊ ကမ္ဘာ့ဆွဲအားနှင့် ဆန့်ကျင်ရာလမ်းမ Mysterious Road၊ နဂါးခေါင်းပုံ သဏ္ဍာန် ကျောက်ဆောင် Dragon Head Rock နှင့် Psyche World Theme Park သို့ သွားရောက်ပါမည်။ ထို့နောက် သာယာလှပသော သဘာဝရေတံခွန်တစ်ခုဖြစ်သော Cheongjiyeon Waterfall သို့ သွားရောက် လေ့လာပြီး ညစာကို Jeju black pork BBQ ဖြင့် သုံးဆောင်ပြီးနောက် Jeju ရှိ Oriental Hotel or similar 4star hotel တွင် Check in ၀င်၍ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။
 

KoreaDay (4) Jeju (B/L/D)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် ချော်ရည်များအေးခဲ၍ ဆဌဂံပုံသဏ္ဍာန်ဖြစ်ပေါ်နေသော Jusangjeolli, Trick Art Museum, ကိုရီးယားရိုးရာယဉ်ကျေးမှု များကို လေ့လာနိုင်သော Seongeup Folk Village တို့ကိုသွားရောက်လေ့လာပြီး နေ့လည်စာကို Seafood steam boat ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် ဒယ်အိုးပုံနေထွက်တောင် Seongsan Sunrise Peak, “ALL IN” နာမည်ကျော် ရုပ်ရှင် ဇာတ်ကားရိုက်ကူးရာ Seopjikoji သို့သွားရောက်ပါမည်။ ရာသီဥတုသာယာပါက အံ့သြဖွယ် မမေ့နိုင်စရာ အခွင့်အရေးအဖြစ်ရေအောက်ကမ္ဘာသို့ Submarine စီးကာ သွားရောက်လေ့လာပါမည်။ (မိမိကိုယ်ပိုင်စရိတ်ဖြင့်) ညစာကို Soysauce Chicken သုံးဆောင်ပြီးနောက်ဟိုတယ်သို့ ပြန်၍ အေးချမ်းစွာအိပ်စက် အနားယုပါမည်။
 

KoreaDay (5) Jeju - Busan (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Check Out ထွက်ပါမည်။ ပြည်တွင်းလေကြောင်းလိုင်းဖြင့် ဂျယ်ဂျူကျွန်းမှဘူဆန်မြို့သို့ ပျံသန်းပါမည်။ ဘူဆန်မြို့၏ အထင်ကရနေရာဖြစ်သော Busan Tower နှင့် Yongdonsan Park သို့ သွားရောက်ပါမည်။ နေ့လည်စာကို Jagalci Seafood Buffet သုံးဆောင်ပြီး PIFF square, Nampodong Market နှင့် Jagalchi Fish Market များသို့ သွားရောက်ပါမည်။ ထို့နောက် APEC House နှင့် Haewundae beach တို့တွင် သဘာဝအလှတရားများကို ကြည့်ရှူ့ပြီး Haedong Yonggungsa Temple သို့သွားရောက်ပါမည်။ ညစာကို Short Rib Soup ဖြင့် သုံးဆောင်ပြီး Busan ရှိ Seacloud Hotel or similar 4star hotel တွင် check in ၀င်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

KoreaDay (6) Busan - Gyeongju (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး Check Out ထွက်ကာ Gyeongju သို့ ခရီးဆက်ပါမည်။ Gyeongju ရှိ နာမည်ကျော် Bulguksa Temple, Seokgulam Grotto သို့ သွားရောက်ပြီး နေ့လည်စာကို Soft Tobu Soup ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် Cheomseongdae Astronomical observatory, Cheonmachong tomb နှင့် Gyeongju National Park အတွင်းရှိ ဘဲဥပုံသဏ္ဏာန်ရှိ လူတို့ဖန်တီးထားသော Anapji ရေကန်သို့ သွားရောက်ပါမည်။ ညစာကို Stir Fried Chicken ဖြင့်သုံးဆောင်ပြီး Hanhwa Resort Gyeongju or similar 4star hotel တွင် အေးချမ်းစွာအိပ်စက် အနားယူ ပါမည်။


KoreaDay (7) Gyeongju - Everland Theme Park (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ဆိုးလ်မြို့သို့ ခရီးစတင်ထွက်ခွာပါမည်။ နေ့လည်စာကို Chicken set menu ဖြင့် သုံးဆောင်ပြီး Seoul ၏ နာမည်ကျော်ကစားကွင်းတစ်ခုဖြစ်သော Everyland Theme Park နှင့် Safari သို့ သွား ရောက်ဆော့ကစားပါမည်။ ကစားကွင်းတွင်မိမိစိတ်ကြိုက်လွတ်လပ်စွာ၊ အကြိမ်အရေအတွက် အကန့်အသတ်မရှိ ကစားနိုင် ပါသည်။ ထို့နောက် ကိုယ်တိုင်ကိုယ်ကျ ကိုရီးယားKimchi ပြုလုပ်လေ့လာနိုင်ပြီး ကိုရီးယားဝတ်စုံများဖြင့် အမှတ်တယ ဓာတ်ပုံ ရိုက်နိုင်သော Korea Kimchi Making School နှင့် Hanbok နေရာများသို့ သွားရောက်ပါမည်။ Cosmetic shop သို့ သွားရောက်လေ့လာပြီး ညစာကို Korea BBQ ဖြင့် သုံးဆောင်ကာ ဆိုးလ်တွင် တညတာအိပ်စက်အနားယူပါမည်။


KoreaDay (8) Seoul (B/L/D)

ဟိုတယ်တွင် နံနက်စာသုံးဆောင်ပြီး ကိုရီးယားနိုင်ငံ၏နာမည်ကျော်ထွက်ကုန်တစ်ခုဖြစ်သော ဂျင်စင်း အရောင်းပြခန်း နှင့် ခရမ်းဆွဲကျောက်များကို လက်ဝတ်ရတနာ များ၊ရုပ် တုများ ၊အမှတ်တယပစ္စည်းများ မျိုးစုံပြုလုပ်ရောင်းချသော Amethyst Factory သို့သွားရောက်လေ့လာပါမည်။ နေ့လည်စာကို La Luce Olivia buffet ဖြင့်သုံးဆောင်ပြီး နာမည်ကျော် Han မြစ်အတွင်း Cruise စီးကာ Han မြစ်၏အလှအပများကို ကြည့်ရှူ့ခံစားပါမည်။ ထို့နောက် တောင်ကိုရီးယား၏ အထိမ်းအမှတ် ဖြစ်သော N Seoul Tower နှင့် တိုင်းရင်းသားကျေးရွာ Namsan Hanok Village သို့သွားရောက်လေ့လာပါမည်။ ထို့နောက် နာမည်ကျော် Myeongdong shopping street or Dongdaemum Market တွင် လွတ်လပ်စွာ ဈေးဝယ်ထွက်ကြပါမည်။ ညစာကို Stir Chicken BBQ ဖြင့် သုံးဆောင်ပြီး ဟိုတယ်တွင် အေးချမ်းစွာ အိပ်စက်အနားယူပါမည်။


KoreaDay (9) Seoul - Yangon (B/L)

ဟိုတယ်တွင်နံနက်စာသုံးဆောင်ပြီးနောက် Gangnam Street နှင့် Samsung ပစ္စည်းများကို စိတ်ကြိုက်ဝယ်ယူနိုင်သော Samsung D’light shop သို့ သွားရောက်လေ့လာပြီး နေ့လည်စာကို Bulgogi Set menu ဖြင့် သုံးဆောင်ပါမည်။ ထို့နောက် Liver Health Center သို့ သွားရောက်ပြီး အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ညနေ ၁၆:၃၅ တွင် စတင်ထွက်ခွာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ညနေ ၁၈:၁၀ တွင် အေးချမ်းစွာပြန်လည်ရောက်ရှိပါမည်။




                                                                                                                                                                                      
Book This Tour  >>

 
  Hotels in Myanmar
  Yangon
  Mandalay
  Bagan
  Inle
  Beach
 
     Golden Land Myanmar

Golden Land Myanmar

 
 

        Contact Us

  Address: No. (74/76), 2nd Floor,
               Anawrahta Road, Between
               54th & 55th Street,
               Pazuntaung Township,

            Yangon, Myanmar.
  Tel:        +95 1 9010450
Mobile:   +95 9 43332296
  Email:     info@travelmore-mm.com,  
              travelmore.mm@gmail.com
  Website: www.travelmore-mm.com 
 
     Like Us on Facebook
 

Connecting to Facebook
 
  © 2013 by Travel More. Developed by
NEW TECH.
Our Statistic :