Have a question? Feel free to contact.  +95 1 9010450
 

Outbound Tour >  Medical Tour
   Tour Code : TM-MT07
     Destination : Medical Tour for Plastic Surgery to Korea
     Duration : 7D
 

Medical Tour for Plastic Surgery to Korea
လှပချင်သော လူသားတိုင်းအတွက် ယနေ့ ခေတ်တွင် အလွယ်ကူဆုံး၊ အသက်သာဆုံး နှင့် အဆင်အပြေဆုံး ၀န်ဆောင်မှုများဖြင့် plastic surgery ကို ကိုရီးယားနိုင်ငံတွင် စိတ်တိုင်းကျ ပြုလုပ်နိုင်ရန် စီစဉ်ထားပါသည်။

 ထောက်ခံချက်ပြုသော ဆေးရုံများ
1. JK Hospital (အရေးကြီး ပုဂ္ဂိုလ်များ အသုံးပြုသော အဆင့်အတန်း အမြင့်ဆုံးဆေးရုံ)
2. Grand Hospital (ကိုရီးယားအနုပညာရှင်များစွာ အသုံးပြုသော ဆေးရုံ)
3. Banobagi Hospital (နိုင်ငံခြားသားများ အထူးသဖြင့် အာရှနိုင်ငံများ အသုံးပြုသော ဆေးရုံ)

အလှအပဆိုင်ရာ ပလပ်စတစ်ခွဲစိတ်မှုအတွက် ခရီးစဉ် အစီအစဉ်

Day 1: ရန်ကုန်-ဆိုလ်း (ညလယ်စာ-လေယာဉ်ပေါ်) (L,D)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကိုရီးယားလေကြောင်းလိုင်းဖြင့် ည၂၃:၃၅ နာရီ တွင်ထွက်ခွာပြီး ကိုရီးယားနိုင်ငံ အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့  နံနက် ၀၈:၀၅ နာရီတွင် ရောက်ရှိပါမည်။ လေဆိပ်တွင်ကိုရီးယား Agent မှ လာရောက်ကြိုဆို တွေ့ ဆုံပါမည်။ Foot Message ၀န်ဆောင်မှုဖြင့် အနားယူအပန်းဖြေပါမည်။ ထို့နောက်နေ့ လည်စာသုံးဆောင်ပြီး ကိုရီးယားရုံးသို့ ဝင်ရောက်လည်ပတ်ကာ ခရီးစဉ်အတိုချုပ်ကို ရှင်းလင်းပြောပြပါမည်။ ညစာသုံးဆောင်ပြီှးှနောက် ဟိုတယ်တွင် Check in ၀င်ကာ အေးချမ်းစွာ အိပ်စက်အနားယူပါမည်။

Day2: ဆေးရုံနှင့် တိုင်ပင်သောနေ့  (B/L/D)
ရွေးချယ်ထားသော ဆေးရုံ (၃)ရုံသို့  လိုက်ပါပို့ဆောင်ပေးပြီး ခွဲစိတ်ရန်အတွက် အသေးစိတ်တိုင်ပင်ကြမည်ဖြစ်ပါသည်။ ဆေးရုံတွင် ကျွမ်းကျင်သော စီစဉ်သူများ၊ သက်ဆိုင်ရာဆရာဝန်များနှင့် တွေ့ ဆုံညှိနှိုင်းရန်စီစဉ်ထားပါမည်။ ရှေးဦးစွာ Grand Plastic Surgery Hospital
(www.grandsurgery.com)သို့ သွားရောက်ပါမည်။ ထို့ နောက်နေ့လည်စာသုံးဆောင်ပါမည်။ JK Plastic Surgery Hospital (www.jkplastic.com) သို့သွားရောက်ပါမည်။ Banobagi Plastic Surgery Hospital (www.banobagi.co.kr)သို့ သွားရောက်ပါမည်။ ညစာသုံးဆောင်ပြီး ဟိုတယ်တွင် ပြန်လည်အိပ်စက်အနားယူပါမည်။

Day 3: ခွဲစိတ်သောနေ့ (B/L/D)
နံနက်ပိုင်းတွင် ဟိုတယ်သို့ လာရောက်ကြိုဆိုပြီး ရွေးချယ်ထားသော ဆေးရုံသို့ပို့ဆောင်ပေးပါမည်။ မြန်မာစကားပြန်မှ ခရီးစဉ်တလျှောက်အတူတွဲ၍ လိုက်ပါဝန်ဆောင်မှုပေးပါမည်။ ခွဲစိတ်ပြီး ဟိုတယ်သို့ပြန်လည်ပို့ဆောင်ပေးပါမည်။(ခွဲစိတ်မည့်လူနာသည် မခွဲစိတ်မီ ၁၀နာရီအတွင်း အစာမစားရပါ။ အခြားမိသားစုဝင်အတွက်အစားအသောက်များ စီစဉ်ထားပါသည်။)


Day 4-6: ဆေးရုံသို့ follow up ပြသသောနေ့များ (B/L/D)
ခွဲစိတ်ပြီးနောက်နေ့များ၏ follow up ခေါ်ဆိုမှုသည် ဆေးရုံမှသတ်မှတ်ခေါ်ဆိုသောနေ့များအတိုင်းဖြစ်ပါသည်။ ၄င်းနေ့ တိုင်းအတွက် (၃ ရက်စာ ကားနှင့်မြန်မာစကား ပြန်ဝန် ဆောင်မှုပါရှိမည်ဖြစ်ပါသည်။ဆေးရုံ၏ follow up သည် မိမိခွဲစိတ် ကုသရသောအနေအထားပေါ်မူတည်၍ သူနာပြုနှင့် ဆေးထည့်ခြင်းဝန်ဆောင်မှုဖြစ်နိုင်ပါသည်။ ဆရာဝန်နှင့် တွေ့ဆုံဆွေး နွေးလိုပါကကြိုတင်အကြောင်းကြားရပါမည်။

Day 7: ထွက်ခွာသောနေ့ (B/L)
ဟိုတယ်မှလေဆိပ်သို့လိုက်ပါပို့ဆောင်ပေးပါမည်။ လမ်းတွင်လက်ဆောင်ဝယ်ယူရန် General Store သို့ ၀င်ရောက်ပေး ပါမည်။

ခရီးစဉ်များအတွက် သတ်မှတ်ချက်များနှင့် အနေအထားများ
-ဧည့်သည်သည် အများဆုံး ဆေးရုံ (၃)ရုံသာ ဆွေးနွေးတိုင်ပင်နိုင်ပါသည်။ ထောက်ခံချက်ပေးထားသော ဆေးရုံအပြင် ဧည့်သည်မှ နှစ်သက်သောအခြားဆေးရုံရှိလျှင် မြန်မာပြည်မှ မထွက်ခွာမှီ ကြိုတင်အကြောင်းကြားပါက ပြောင်းလဲစီစဉ် ပေးနိုင်ပါသည်။ ကိုရီးယားနိုင်ငံသို့ ရောက်ရှိပြီးမှ ဆေးရုံစီစဉ်မှုကို ပြောင်းလဲခွင့်မရှိပါ။-ဆေးရုံ (၃)ရုံနှင့်တိုင်ပင်ပြီးပါက ၄င်းတို့အတွင်းမှ တစ်ခုတွင် မဖြစ်မနေ ခွဲစိတ်မှုပြုရပါမည်။ ရွေးချယ်ထားသော ဆေးရုံ၏ ခန့်မှန်းကုန်ကျစရိတ်၏ ၃၀% ကိုကြိုတင်ငွေအဖြစ်ပေးချေရပါမည်။  ထိုသဘောတူညီချက်ကို မြန်မာပြည်မှ မထွက်ခွာမီ ကိုရီးယား Agent နှင့် သဘောတူလက်မှတ်ရေးထိုးရပါမည်။
- ခရီးစဉ်ကိုသဘောတူညီပါက ပထမအရစ်ပေးချေမှုအဖြစ် ၅၀% ပေးချေပြီး visa ရရှိပါက ကျန် ၅၀% ကိုပေးချေရပါမည်။
- ဆက်သွယ်မှုအဆင်ပြေလွယ်ကူစေရန် ဧည့်သည်သည် ဖုန်းတစ်လုံး (Sim Card) ကို ဌားရမ်းရပါမည်။

ဝန်ဆောင်မှုတွင်ပါဝင်သောအရာများ
၁။ သီးသန့် Van ကားနှင့်ခရီးစဉ်တလျှောက် အကြို အပို့
၂။ ဆေးရုံတွင် တိုင်ပင်ဆွေးနွေးရန် English သို့မဟုတ် Chinese စကားပြန်
၃။ ၇ ရက်လုံးအတွင်း မြန်မာစကားပြန်လိုက်ပါဝန်ဆောင်မှု
၎။ Guide နှင့် Driver အတွက် အပိုပေးရသော tip money များ
၅။ ခရီးစဉ်တွင်ဖော်ပြထားသည့် စားသောက်စရိတ်များ
၆။ 4 star ဟိုတယ်များတွင် ၆ညတာတည်းခိုစရိတ်များ (တခန်းလျှင် ၂ ဦး)
၇။ ဗီဇာကြေးများနှင့် ဗီဇာဝန်ဆောင်မှုများ

ဝန်ဆောင်မှုတွင်မပါဝင်သောအရာများ
၁။
International flight ticket (RGN-KOR-RGN)
၂၊ Visa အတွက်စာရွတ်စာတမ်း Notry ဘာသာပြန်ခများ
၃။ ဖော်ပြပါဝန်ဆောင်မှုတွင် မပါဝင်သော သီးသန့်လည်ပတ်မှုများနှင့် ကိုယ်ရေးကိုယ်တာအသုံးစရိတ်များ
၎။ ဆေးရုံတွင်ဆောင်ရွက်မည့် ခွဲစိတ်မှု ကုန်ကျစရိတ်များနှင့်အခြားကုန်ကျစရိတ်များ
၅။ ခွဲစိတ်မှုပေါ်မူတည်၍ (၇) ရက်ထက်ပိုမိုနေထိုင်ရမည့် ဟိုတယ်နှင့်အခြားကုန်ကျစရိတ်များ
၆။ ဖုန်းဌားရမ်းသုံးစွဲခ
၇။ လေယာဉ်မှခွင့်ပြုထားသည်ထက်ကျော်လွန်သောဝန်ပိုသယ်ဆောင်ခများ
၈။ ဟိုတယ်တွင်သုံးစွဲသော အ၀တ်လျှော်ခ၊ ဖုန်းသုံးစွဲခ၊ Mini Bar အသုံးပြုခ၊ အခပေး TV Channel နှင့်အင်တာနက်သုံးစွဲ မှု

ဝန်ဆောင်မှုဈေးနှုန်း၊ သီးသန့် ကုန်ကျနိုင်မည့်  စရိတ် နှင့် ရွေးခြယ်နိုင်သည့် အစီအစဉ်များ
- ထပ်မံ၍မိသားစုဝင် တစ်ဦး လိုက်ပါလိုပါက ၄င်းအတွက် USD 1500 သာကျသင့်ပါမည်။ ထိုသုံးဦးအတွက် ၃ယောက်အိပ် အခန်းတွင် နှစ်ယောက်အိပ်ကုတင် တစ်လုံး၊ တစ်ယောက်အိပ်ကုတင် တစ်လုံး စီစဉ်ပေးပါမည်။
- ထိုဈေးနှုန်းသည် ၆ညအိပ် ၇ရက် ခရီးစဉ်ကို အခြေခံပါသည်။
- အကယ်၍ မိမိခွဲစိတ်မှုအခြေအနေပေါ်မူတည်၍ ရက်ထပ်မံနေရမည်ဆိုပါက 3Star Hotel တွင် တစ်ည USD90/ 4Star Hotel တွင်တစ်ည USD 130 (နှစ်ယောက်ခန်း တစ်ခန်း) ဖြင့် လည်းကောင်း
-
English Speaking driver နှင့် ကားခ အတွက်တစ်နေ့တာ ၉နာရီ (8am-9pm) အသုံးပြုခ USD400 ကိုလည်းကောင်း
-
Korea Speaking driver နှင့် ကားခ အတွက်တစ်နေ့တာ ၉နာရီ (8am-9pm) အသုံးပြုခ USD300 ကိုလည်းကောင်း
- မြန်မာဘာသာပြန်အတွက် တစ်နေ့ တာ၉နာရီ (8am-9pm)၀န်ဆောင်မှုအနေဖြင့် USD200 ကိုလည်းကောင်း
- ထပ်မံနေထိုင်မည့် ရက်များအတွက် စားသောက်စရိတ် နှင့် Tour လည်ပတ်မှုများကို ဧည့်သည်မှ မိမိစရိတ်ဖြင့် ကျခံရမည် ဖြစ်ပါသည်။

ခရီးစဉ် ဖျက်သိမ်းခြင်း နှင့် ငွေပြန်အမ်းခြင်း သတ်မှတ်ချက်

- ခရီးစဉ်ဖျက်သိမ်းခြင်းအား ခရီးစဉ်မစတင်မီ ၂ပတ် ကြိုတင်အကြောင်းကြားရပါမည်။
- ၂ပတ်ထက်နောက်ကျ၍ ဖျက်သိမ်းသော ခရီးစဉ်များအတွက်
 
 သွားရောက်မည့် ရက်မတိုင်မီ ၉-၁၃ ရက် အတွင်း ဖျက်သိမ်းပါက ကုန်ကျစရိတ်၏ ၁၀%
   သွားရောက်မည့် ရက်မတိုင်မီ ၅-၈ ရက် အတွင်း ဖျက်သိမ်းပါက ကုန်ကျစရိတ်၏ ၃၀%
   သွားရောက်မည့် ရက်မတိုင်မီ ၇-၃ ရက် အတွင်း ဖျက်သိမ်းပါက ကုန်ကျစရိတ်၏ ၅၀%
   သွားရောက်မည့် ရက်မတိုင်မီ ၂ ရက် အလို ဖျက်သိမ်းပါက ကုန်ကျစရိတ်၏ ၁၀၀%
- ခရီးစဉ်စတင်ပြီးနောက်ခရီးစဉ်အတွင်း မည်သူမဆို မည်သည့်အကြောင်းပြချက်ဖြင့်ဖြစ်စေ ခရီးစဉ်မှ ခေတ္တသော်လည်းကောင်း၊ ရက်အားလုံးသော်လည်းကောင်း ခွဲထွက်သွားပါက ထိုအတွက် ကျသင့်ငွေကို ပြန်အမ်းပေးမည်မဟုတ်ပါ။

ကိုရီးယားဗီဇာအတွက်လိုအပ်သည့်စာရွက်စာတမ်းများ
- သက်တမ်း ၆လရှိ passport စာအုပ်
- ကြည်လင်ပြတ်သားသည့် ဓါတ်ပုံ ၂ပုံ
- မှတ်ပုံတင် (မူရင်း၊ မိတ္တူ)
- သန်ခေါင်စာရင်း (မူရင်း၊ မိတ္တူ နှင့် Notry ဘာသာပြန်)
- ကုမ္ပဏီဝန်ထမ်းဖြစ်လျှင် ကုမ္ပဏီထောက်ခံစာ (စတင်တာဝန်ထမ်းဆောင်သည့်ကာလ၊ ရာထူး၊ ကုမ္ပဏီတံဆိပ်ခေါင်းပါရှိရမည်)
- ဘဏ်စာအုပ် (သက်တမ်း ၁နှစ် နှင့် ငွေ သိန်း ၁၂၀ အထက်)
- အိမ် ၊ ခြံ ၊ မြေ ပိုင်ဆိုင်မူအထောက်အထား ( မူရင်း ၊ မိတ္တူ နှင့် Notry ဘာသာပြန်)
  (သို့မဟုတ်)
ကုမ္ပဏီ မှတ်ပုံတင်၊ ထုတ်ကုန်သွင်းကုန်လုပ်ငန်းလိုင်စင်၊ပုံစံ ၆နှင့် ပုံစံ ၂၆ မိတ္တူ နှင့် အခွန်ဆောင်ထားသည့် စာရွက်စာတမ်း။ (မူရင်း ၊မိတ္တူ နှင့် Notry ဘာသာပြန်)


                                                                                                                                                                                      
Book This Tour  >>

 
  Hotels in Myanmar
  Yangon
  Mandalay
  Bagan
  Inle
  Beach
 
     Golden Land Myanmar

Golden Land Myanmar

 
 

        Contact Us

  Address: No. (74/76), 2nd Floor,
               Anawrahta Road, Between
               54th & 55th Street,
               Pazuntaung Township,

            Yangon, Myanmar.
  Tel:        +95 1 9010450
Mobile:   +95 9 43332296
  Email:     info@travelmore-mm.com,  
              travelmore.mm@gmail.com
  Website: www.travelmore-mm.com 
 
     Like Us on Facebook
 

Connecting to Facebook
 
  2013 by Travel More. Developed by
NEW TECH.
Our Statistic :